Veetab တွင်ပါဝင်သော Sildenafil သည် (ဆေးသောက်ပြီး နာရီဝက်မှတစ်နာရီအတွင်း) ယောင်္ကျားလိင်အင်္ဂါရှိ သွေးကြောများအတွင်းနိုက်တြစ်အောက်ဆိုဒ် ( NO )ဓါတ်ကိုတိုးမြင့်စေခြင်းဖြင့် လိင်အင်္ဂါသို့ သွေးလည်ပါတ်မှု ပိုမိုများပြားလာစေကာ လိုအပ်သောစွမ်းဆောင်မှုကို ရရှိစေပါသည်။
လိင်ဆက်ဆံမှုမပြုမီ တစ်နာရီခန့်ကြိုတင်၍ Veetab-50 မီလီဂရမ်ကို သောက်သုံးနိုင်ပါသည်။ဆရာဝန် ညွှန်ကြားချက်အရ လိုအပ်ပါက Veetab ဆေးပြားကို( 25) မီလီဂရမ်သို့ လျှော့ချ၍ လည်းကောင်း (100) မီလီဂရမ်သို့လည်းကောင်း တိုးမြင့်သောက်သုံးနိုင်ပါသည်။
မည်သည့် Sildenafil မဆို သောက်ပြီးလျှင် ခေါင်းအုံ၊ ခေါင်းကိုက်ခြင်း၊ အစာမကြေ မအီမသာဖြစ်ခြင်း၊ ပူရှိန်းရှိန်း ဖြစ်ခြင်းတို့ကို ရံဖန်ရံခါ တွေ့ကြုံနိုင်ပါသည်။သို့သော် လူတိုင်းမခံစားရနိုင်ပါ။
နှလုံးရောဂါကြောင့် Nitrate ဆေးများသောက်နေရသူများအတွက် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ Sildenafil ကို သောက်သုံးသင့်ပါသည်။
No comments:
Post a Comment