LOBESE သြယ္လ် လွပ အဆီက်
ကိုယ်အချိန် ရှိသင့်သည်ထက် ပိုမလာရအောင် ဂရုစိုက်ထိန်းသိမ်းပါ...
အဝလွန်ခြင်းသည် ကယ်လိုရီစားသုံးခြင်းနှင့်ကိုယ်ခန္ဓာမှ ကယ်လိုရီသုံးစွဲးခြင်းအချိုးမညီဘဲ နှစ်၊ လ များစွာပိုနေရာမှ ယင်းပိုလျှံနေသော ကယ်လိုရီများကို ခန္ဓာကိုယ်မှာ အဆီအဖြစ် သိမ်းဆည်းထားခြင်းကြောင့်ဖြစ်သည်။ ပိုလျှံသောကယ်လိုရီဓါတ် ၃၅၀၀ မှ အဆီတစ်ပေါင်ခန့်ဖြစ်နိုင်ပြီး တစ်နေ့လျှင် ( ၁၀၀) ကယ်လိုရီခန့် ပိုစားရုံဖြင့် တစ်နှစ်လျှင် ( ၁၀ ) တိုးလာနိုင်ပါသည်။
ကိုယ်အလေးချိန် ပိုနေသူများ၊ အဝလွန်သူးများမှာ အစားအစာလျှော့စားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု့ပို၍လုပ်ခြင်း တို့ကို ပြုလုပ်ရာတွင် Low Fat Diet အတွက် ဆီပြန်ဟင်း၊ ဆီကြော်စားခြင်းတို့မှ ရှောင်ရန်လွယ်ကူသော်လည်း ကစီဓါတ်များသည့် ထမင်း၊ အာလူး၊ ဂျုံ ဖြင့်ပြုလုပ်သောအစာတို့ကို နေ့စဉ်ရေရှည်လျှော့စားရန်မှာ မလွယ်ကူလှပါ။
Lobeseသည် ခန္ဓာကိုယ်မှ ကစီဓါတ်စုပ်ယူမှုကို ၅၀%-၇၀% အထိ တားဆီးပေးသဖြင့် ခန္ဓာကိုယ်အတွင်း ကယ်လိုရီ အပိုများဖြစ်မလာအောင် ဟန့်တားပေးပါသည်။တစ်ဆက်တည်းမှာပင် ကိုယ်လက်လှုပ်ရှားမှုများအတွက် လိုအပ်သော ကယ်လိုရီကို မူလသိုလှောင်ထားသော အဆီများမှ ဆွဲယူသုံးစေခြင်းဖြင့် တဖြည်းဖြည်းခြင်း ခန္ဓာကိုယ်အလေးချိန်ကို ကျစေပြီး အဆီစုသော နေရာများဖြစ်သည့် ဗိုက်( ခါး )၊ တင်ပါး၊ ပေါင် တို့မှ အဆီများလည်း ကျလာစေပါသည်။
ထူးခြားချက်
Lobese သည် အစာစားချင်စိတ် လျှော့ကျ၍ ခံတွင်းပျက်အောင် လုပ်ဆောင်ခြင်းမရှိဘဲ စားလိုက်သည့်အစာတွင် ပါရှိသည့် ကစီဓါတ် (Carbohydrate ) များကို ခန္ဓာကိုယ်မှ စုပ်ယူမှုနည်းအောင် တားဆီးပေးခြင်းဖြစ်သည်။
အစားအစာများကို ပုံမှန်ထက် အလွန်အမင်း လျှော့စားရန်မလိုဘဲ ကိုယ်အလေးချိန်ကျအောင် ဆောင်ရွက်ပေးသည်။
စားလိုက်သည့် အစာထဲမှ ကစီဓါတ်စုပ်ယူမှုကိုသာ ပိတ်ပင်ပြီး အသားဓါတ်မှရရှိသည့် ကယ်လိုရ်ီများကို ပိတ်ပင်ခြင်းမရှိပါ။ အစာများတွင်ပါရှိသည့် ဗီတာမင်နှင့် သက်စောင့် ( Mineral )ဓါတ်များကို ပုံမှန်ရရှိစေပါသည်။
ကိုယ်အလေးချိန်လျှော့ချလိုသူများအတွက် ကိုယ်အလေးချိန်လျှော့ကျစေရုံသာမက ကိုယ်အလေးချိန် ထိန်းသိမ်းလိုသူများအတွက် Lobese ကို အစာမစားမှီ ပုံမှန်သောက်ခြင်းဖြင့် ကယ်လိုရီပိုများ စုဆောင်းခြင်းကြောင့် ကိုယ်အလေးချိန်တက်လာမှုမှ တားဆီးပေးနိုင်ပါသည်။
Lobese ကို နိုင်ငံတစ်ကာတွင် ကျန်းမာရေးအတွက် အကောင်းဆုံးအစာအဖြစ် စံပြုထားသည့် White Kidney Bean မှ သန့်စင်ထုတ်လုပ်ထားသည့်အတွက် ရေရှည်သောက်ရာတွင် ဘေးထွက်ဆိုးကျိုး မရှိဘဲ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ပါသည်။
No comments:
Post a Comment