Tuesday, July 24, 2012

Veetab 100/50 (sildenafil)

Veetab တွင်ပါဝင်သော Sildenafil သည် (ဆေးသောက်ပြီး နာရီဝက်မှတစ်နာရီအတွင်း) ယောင်္ကျားလိင်အင်္ဂါရှိ သွေးကြောများအတွင်းနိုက်တြစ်အောက်ဆိုဒ် ( NO )ဓါတ်ကိုတိုးမြင့်စေခြင်းဖြင့် လိင်အင်္ဂါသို့ သွေးလည်ပါတ်မှု ပိုမိုများပြားလာစေကာ လိုအပ်သောစွမ်းဆောင်မှုကို ရရှိစေပါသည်။
       လိင်ဆက်ဆံမှုမပြုမီ တစ်နာရီခန့်ကြိုတင်၍ Veetab-50 မီလီဂရမ်ကို သောက်သုံးနိုင်ပါသည်။ဆရာဝန် ညွှန်ကြားချက်အရ လိုအပ်ပါက Veetab ဆေးပြားကို( 25) မီလီဂရမ်သို့ လျှော့ချ၍ လည်းကောင်း (100) မီလီဂရမ်သို့လည်းကောင်း တိုးမြင့်သောက်သုံးနိုင်ပါသည်။
     မည်သည့် Sildenafil မဆို သောက်ပြီးလျှင် ခေါင်းအုံ၊ ခေါင်းကိုက်ခြင်း၊ အစာမကြေ မအီမသာဖြစ်ခြင်း၊ ပူရှိန်းရှိန်း ဖြစ်ခြင်းတို့ကို ရံဖန်ရံခါ တွေ့ကြုံနိုင်ပါသည်။သို့သော် လူတိုင်းမခံစားရနိုင်ပါ။
     နှလုံးရောဂါကြောင့် Nitrate ဆေးများသောက်နေရသူများအတွက် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ Sildenafil ကို သောက်သုံးသင့်ပါသည်။

Monday, July 23, 2012

Ozical ( သဘာဝ ကယ်ဆီယမ် )

သဘာဝကယ်ဆီယမ် Ozical

Austrilla နိုင်ငံမှ ထုတ်လုပ်သော Ozical သည် Calcium Hydroxyapatite 600mg ပါဝင်သည့် စုပ်ယူမှုအကောင်းဆုံးသော ကယ်ဆီယမ်အားဆေးဖြစ်ပြီး သဘာဝမှ ထုတ်လုတ်ထားခြင်းဖြစ်ပါသည်။ ဒါ့အပြင် Ozical မှာ ကယ်ဆီယမ်စုပ်ယူမှုကိုအားပေးသော Vitamin D3 50 I.U လည်းထည့်သွင်းထားပါသည်။ အရေအသွေးနှင့်ပါတ်သက်၍ Austrilla နိုင်ငံ TGA ( Therapeutic Goods Administration )အဖွဲ့အစည်းမှ အသိအမှတ်ပြုလက်မှတ်ရရှိထားပါသည်။ ထို့အပြင်Ozical ကယ်ဆီယမ်အားဆေးကို လိမ္မော်အရသာနှင့် ၀ါးစားနိုင်သည့် ဆေးပြားများအဖြစ်ထုတ်လုပ်ထားခြင်းကြောင့် ဆေးသောက်ရမှာကြောက်သူများ၊ ကလေးငယ်များ အတွက်လည်း အဆင်ပြေသင့်လျှော်ပါသည်။

 

ဆေးအညွှန်း

- ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ
- အရိုးပွရောဂါ ခံစားနေရသော သွေးဆုံးပြီး အမျိုးသမီးများ
- ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးဆဲ ကလေးငယ်များ
- ကျန်းမာသန်စွမ်းသော အရိုးနှင့်သွားများ အတွက်

တစ်ခါသောက် ( ၁ ) ပြားမှ ( ၂ ) ပြား
တစ်နေ့ ( ၂ ) ကြိမ်မှ ( ၃ ) ကြိမ်

 

 

 

 

 

 

 

ဘယ်ကယ်ဆီယမ်က အကောင်းဆုံးလဲ

      အရိုးနှင့်သွားများ ကြံ့ခိုင်သန်စွမ်းရန် သင့်အတွက် ကယ်ဆီယမ်ဓါတ်ကို နေ့စဉ်ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။(အထူးသဖြင့် ဆယ်ကျော်သက်အရွယ် ခန္ဓာကိုယ်ဖွံ့ဖြိုးဆဲ ကလေးများ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ၊အသက်၅၀ကျော်အရွယ် သွေးဆုံးပြီးသော အမျိုးသမီးများတွင် အထူးလိုအပ်ပါသည်။) ဒီလို အရေးကြီးတဲ့ ကယ်ဆီယမ်ကို နေ့စဉ် ပြည့်စုံမျှတသော အစားအစာများမှ ရနိုင်ပါသည်။
     ဒါပေမယ့် ယခုခေတ်တွင် လူအများစုဟာ ပြည့်စုံမျှတသော အစားအသောက်များကို စားသုံးခြင်းမရှိတာကြောင့်ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ကယ်ဆီယမ်ကို အစားအသောက်မှ အပြည့်အ၀ မရနိုင်ကြပါ။ ဒီအတွက် ကယ်ဆီယမ်အားဆေးကို အားထားလာရပါတယ်။ ကယ်ဆီယမ်အားဆေးသည် တစ်ခုနှင့်တစ်ခု မတူကြပါ။ သဘာဝအရင်းအမြစ်များမှ ထုတ်လုပ်ထားသော ကယ်ဆီယမ်များရှိသလို လူတို့ပြုပြင်ဖန်တီးထားသော Sythetic ကယ်ဆီယမ်များကိုလည်း ဈေးကွက်မှာ တွေ့ရှိရပါတယ်.။
     လူတို့ပြုပြင်ထုတ်လုပ်ထားသောSynthetic ကယ်ဆီယမ်များသည် ခန္ဓာကိုယ်ထဲတွင် ကယ်ဆီယမ်ဓါတ်ကို စုပ်ယူရာ၌ သဘာဝကယ်ဆီယမ်များကဲ့သို့ စုပ်ယူမှုစွမ်းအား မကောင်းကြပါ။ ခန္ဓာကိုယ်မှကောင်းစွာစုပ်ယူနိုင်စွမ်းမရှိလျှင် လိုအပ်သောကယ်ဆီယမ် ပမာဏကို အတိအကရနိုင်မည်မဟုတ်ပါ။ ထို့အပြင် ကာဘွန်ဓါတ်ပေါင်းများပါဝင်သော Synthetic ကယ်ဆီယမ်များသည် အစာမကြေ လေပွခြင်း၊ လေထိုးလေအောင့်ခြင်း ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေပါသည်။
     ကယ်ဆီယမ်အားဆေး အားလုံးထဲတွင် Calcium Hydroxyapatite သည်ခန္ဓာကိုယ်မှ စုပ်ယူမှုစွမ်းအား အကောင်းဆုံးဖြစ်တာကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်သည့် ကယ်ဆီယမ်ဓါတ်ကို အပြည့်ဝဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်ပါသည်။